Home / Publications

Publications

See more

အမေးအဖြေ – နောက်ဆုံးရသတင်း – မြန်မာအရာရှိများအပေါ် ယူနီဗာဆယ် တရားစီရင်ရေးအမှု အာဂျင်တီးနားတရားရုံးမှ လူ (၂၅) ဦးကို ဖမ်းဝရမ်းထုတ်ပြန်ခြင်း

Asia
Genocide
Latin America
Myanmar
Rohingya
Sexual Violence
Universal Jurisdiction
မြန်မာဘာသာ
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်တွင်၊ အာဂျင်တီးနားတရားသူကြီး Hon. María Romilda Servini de Cubría က ရိုဟင်ဂျာများအပေါ် ဂျန်နိုဆိုက်နှင့် ပြင်းထန်သောလူသတ်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ညှင်းပန်းနှိပ်စက်မှုစသည့် ပြစ်မှုများကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံရသည့် စစ်တပ်နှင့် အရပ်သား အရာရှိ (၂၅) ဦးကို ဖမ်းဝရမ်းများ ထုတ်ပြန်ခဲ့သည်။ အဆိုပါ(၂၅)ဦးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းတို့ ပါဝင်သည်။ ဤသည်မှာ ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် ယူနီဗာဆယ် တရားစီရင်ပိုင်ခွင့် (universal jurisdiction) အရ တရားစွဲဆိုသည့် အမှုတွင် ပထမဆုံးအကြိမ် အများပြည်သူသိရှိရန် ဖမ်းဝရမ်းများ ထုတ်ခြင်းဖြစ်ပြီး၊ တရားမျှတမှုရှာဖွေရာတွင် ကြီးမားသော ခြေလှမ်းတစ်ရပ်ဖြစ်သည်။ ဤအမှုသည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ဗြိတိန်ရှိ မြန်မာရိုဟင်ဂျာအဖွဲ့အစည်း (Burmese Rohingya Organisation UK, BROUK) က အာဂျင်တီးနားတွင် တင်သွင်းခဲ့သော စွဲချက်မှ စတင်ခဲ့ခြင်းဖြစ်သည်။ BROUK က ၂၀၁၂ ခုနှစ်မှစတင်၍ ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် ဂျန်နိုဆိုက်နှင့် လူသတ်မှု၊ အတင်းအဓမ္မ ပျောက်ဆုံးစေမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ထောင်ချခံရမှုများ အပါအဝင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများဖြင့် စွဲချက်တင်ခဲ့သည် (ဤအမှုနှင့်ပတ်သက်သည့် ယခင်မေးခွန်းနှင့်အဖြေကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်)။ အသက်ရှင်ကျန်ရစ်သူ ရိုဟင်ဂျာများနှင့် ရိုဟင်ဂျာအသိုင်းအဝိုင်းအတွက် တရားမျှတမှုနှင့် တာဝန်ခံမှု ရရှိရန် ဤကြိုးပမ်းမှုမှာ ရိုဟင်ဂျာအသိုင်းအဝိုင်းကိုယ်တိုင်မှ ဦးဆောင်လှုံ့ဆော်ခဲ့ခြင်း ဖြစ်သည့်အတွက် အထူးအရေးပါသည်။
Read more

February 2022 Q&A: Gambia v. Myanmar (Burmese translation) ဂမ်ဘီယာမှ မြန်မာပြည်ကို အပြည်ပြည်ဆိုင်ရာတရားရုံးတွင် စွပ်စွဲထားသော အမှုနှင့်ပတ်သတ်သည့် နောက်ဆုံး အခြေအနေမ

Asia
International Court of Justice
Myanmar
Rohingya
မြန်မာဘာသာ
ဂမ်ဘီယာမှ မြန်မာပြည်ကို အပြည်ပြည်ဆိုင်ရာတရားရုံးတွင် စွပ်စွဲထားသော အမှုနှင့်ပတ်သတ်သည့် နောက်ဆုံး အခြေအနေများ အမေးအဖြေများ ဖေဖော်ဝါရီ ၁၄၊ ၂၀၂၂ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာတိုင်းရင်းသားများအပေါ် စစ်တပ်၏ရက်စက်ကြမ်းကြုတ်မှုများမှာ ဂျန်နိုဆိုက်ရာဇဝတ်မှု ကာကွယ်တားဆီးရေးနှင့် အပြစ်ပေးရေးကွန်ဗန်းရှင်းကို ချိုးဖောက်သည်ဟု ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံကို စွပ်စွဲထားသည့်အမှုကို ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၈ ရက်အတွင်း နယ်သာလန်နိုင်ငံ၊ သဟိတ်မြို့ ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် လူသိရှင်ကြား ကြားနာမည်ဖြစ်သည်။ ထိုကြားနာမှုနှင့်ပတ်သတ်သော အဓိကအချက်အလက်များကို အောက်ပါအမေးအဖြေများတွင် ဖော်ပြထားသည်။. Download the Full Q&A
Read more